Monday, November 30, 2015

ရှင်​မဟာသီလဝံသ စကားပုံများ


#ရှင်မဟာသီလ၀ံသ စကားပုံ များ
_______________________



ရတနာသုံးပါးကို ကြည်ညိုလေးမြတ်ခြင်း၌
လည်ဝယ်ဆင်ထားသော အဖိုးအနဂ္ဃထိုက်တန်သည့် ပုလဲကုံးရတနာကဲ့သို့။

ဥစ္စာရှာခြင်း၌
အာယုကပ်ပတ်လုံး စားသုံးနေရမည်ကဲ့သို့။
လှူဒါန်းပေးကမ်းခြင်း၌
ရေပြည့်အိုးကို သွန်မှောက်ဘိသကဲ့သို့။

ပညာရှာမှီးရာ၌
တောသွားမုဆိုးသည် သားရှိရာအရပ် ပျပ်ဝပ်ကျိုးနွံဘိသကဲ့သို့။

ဝီရိယရှိခြင်း၌
တောမျောက်သည် မြေပျောက်မည်အထင်နှင့် မြေပြင်ကို တစ်ညဥ့်သုံးခါ အိပ်ရာမှထ၍
စမ်းဘိသကဲ့သို့။

သူတစ်ပါးဥစ္စာဖြစ်လေက
စွန့်ပစ်လိုက်သော တံတွေးပေါက်ကဲ့သို့။

သူ့မယားကို ယဉ်ပါးခြင်း၌
သူသတ်ယောက်ျားသည် လည်ဝယ်တင်ထားသော ဒါး ရှိသကဲ့သို့။

သုရာမေရယ စသည်၌
ဆိပ်မျိုးပြည့်သော ရေကဲ့သို့။

မုသာဝါဒ မဟုတ်မမှန်သောစကားကို ပြောဆိုခြင်း၌
မြေလက်ခတ်မလွဲ ငရဲသို့အမြဲကျရောက်မည့် ဆဲဆဲကဲ့သို့။

ပါဏာတိပါတ၌
တစ်ယောက်တည်းသောသားကို အမိစောင့်ရှောက်ဘိသကဲ့သို့ . . . . .
ကြဉ်ရှောင်ကုန်ရာသည်။

သဒ္ဓါလွန်သော် ရာဂ
ပညာလွန်သော် မာန
ဝီရိယလွန်သော် ဥဒ္ဓစ္စ
ချမ်းသာလွန်သော် ရာဂ
အသုံးလွန်သော် ဒါသ
အ၀တ်လွန်သော် ဣဏ
အစားလွန်သော် ဘယ
အအိပ်လွန်သော် မောဟ
အ၀လွန်သော် ထိန။

တတ်သိလိမ္မာ၊ ပညာရှိသည်မှန်စေ
ရေးကြီးခွင်ကျယ်ရှိက၊ တတ်မြောက်နိုင်ခဲသည်။
အ၀တ်အစား၊ အသုံးအဆောင်၊ အဆောက်အအုံ၊ ပြုစုကျွေးမွေး၊ ပေးကမ်းစားသောက်ရသည်မှန်စေ
သူ့ကျေးဇူးကို သိခဲသည်။

နေ့ညဥ့်မပြတ်၊ အဖန်တလဲလဲ၊ အမြဲဆည်းကပ်၊ မပြတ်သွားလာရသည်မှန်စေ
မင်းစိတ်၊ မင်းရိပ်ကို သိခဲသည်။

ရာကြီး၊ ထူးကြီး သိမ်းပိုက်ရသည်မှန်စေ
ကိုယ့်ဖို့ဝေခြမ်းသောအခါ စုံစမ်းထောက်မျှော်ခဲသည်။

သူ့အသက်၊ သူ့ဥစ္စာ၊ သူ့အိမ်ယာကို ကြဉ်ရှောင်ပါ၏ ဆိုစေအခွင့်သာလျှင် ရှောင်နိုင်ခဲသည်။

တော်တည့်မှန်ကန် တရားသဖြင့် ကျင့်ပါ၏ ဆိုစေ
သစ္စာမှန်ခဲသည်။

ရဲရင့်တည်ကြည်ခြင်းရှိပါ၏ ဆိုစေ
ရန်သူတွေ့က စွန့်စားခဲသည်။

မမြင်ရာသည်ဆေးသမား
မကြားရာသည် တရားသူကြီး
မနှီးနှောရာသည် မင်းလုလင်
မတိုင်ပင်ရာသည် ရှေ့နေရှေ့ရပ်
မစေအပ်ရာသည် မိန်းမလျာ
မလာမသွားရာသည် နတ်စင်
မထင်မပေါ်ရာသည် လွှသမား
တရားမစောင့်ရာသည် သူ့မြီစား
မသိုထားရာသည် ကျောင်းဥစ္စာ
မပါမ၀င်ရာသည် ခိုက်ရန်ပွဲ
မဆွဲမငင်ရာသည် ရဟန်းပုဏ္ဏား
မပွားမစီးမကြီးရာသည် ကိုယ်ရောဂါ။

ပညာကိုလိုသော် မပျင်းနှင့်
စကားကိုဆိုသော် မတင်းနှင့်
ဥစ္စာကိုလိုသော် မငြင်းနှင့်
ဘေးကိုရှောင်သော် ရန်သူ့ဘောင်သို့ မချဉ်းနှင့်။
သတင်းကြီးသော် အဖော်မရ
အစားကြီးသော် သူ့နောက်ကျ၏
အစားလျင်သော် အလျင်ရောက်၏
ခရီးလျင်သော် ကြံတိုင်းမြောက်၏
အစားပုပ်သော် အလုပ်ကြာ၏
အသွားချုပ်သော် နေ့ရက်ကွာ၏

အရာမရှိဘဲလျှက် ပလွှားသည်
ဥစ္စာမရှိဘဲလျှက် ထောင်လွှားသည်
ပညာမရှိဘဲလျှက် ၀ါကြွားသည်
ညီညွတ်သည်မရှိဘဲလျှက် စွန့်စားသည်
ချစ်သူမဟုတ်ဘဲလျှက် ကစားသည်
ခရီးမဟုတ်ဘဲလျှက် လာသွားသည်
အမှုအခင်းမရှိဘဲလျှက် ကြွေးမြီများသည်

သူ့မယားကိုချစ်သော် ကွမ်းကုန်သည်
သူ့သားကိုချစ်သော် မုန့်ကုန်သည်
မယားကိုချစ်သော် သူတစ်ပါးနှင့်မယုံကြည်
သားကိုချစ်သော် ပညာဖုန်သည်
အမတ်ကိုချစ်သော် ကိုယ်လုံသည်
ဥစ္စာကိုချစ်သော် ပြည့်စုံသည်
ပညာကိုချစ်သော် အတတ်မျိုးစုံသည်
ကျွန်ကိုချစ်သော် အလုံးပုံသည်

တရားတတ်၏ မဖြောင့်
စကားတတ်၏ မစောင့်
တရားတတ်သော် ဖြောင့်ခဲသည်
စကားတတ်သော် စောင့်ခဲသည်
ပညာပင်ရှိသော်လည်း သတိရှိခဲသည်
အမှုရှိမှ အမိကိုတသည်
အပေးရှိမှ အဖော်ရသည်
အရေးရှိမှု အကျော်ရသည်

မင်းကိုချစ်စေလိုသော် လက်ဆောင်
ရန်ကိုအောင်စေလိုသော် မေတ္တာ
ဆရာကိုချစ်စေလိုသော် ချဉ်းကပ် အရပ်ကိုချစ်စေလိုသော် ပေးကမ်း
ကိုယ်ချမ်းသာစေလိုသော် ချိုသာ
အရာအထူးကိုလိုသော် ပျပ်ဝပ်
ဖြောင့်မတ်စေလိုသော် တော်မှန်
အလုပ်အကြံကိုလိုသော် နှီးနှော
ရောပြွမ်းယှက်တင်လိုသော် မေးမြန်း
စုံစမ်းလိုသော် ဆိုင်းလင့်
အခွင့်ကိုလိုသော် ချိုသာ
ရာကြီးထူးကြီးကိုလိုသော် စောင့်ထိန်း
သိမ်းပိုက်စေလိုသော် သည်းခံ

သစ္စာမှန်မှ လူသမာ
ပညာရှိမှ လူဆရာ
ဥစ္စာရှိမှ မှီခိုရာ
အရံအကာရှိမှ ပြည့်စုံရာ
လုံခြုံမှ လူလိမ္မာ

အရာကောင်းလျှင် တစ်ချက်
အနေကောင်းလျှင် တစ်သက်
အဆက်ကောင်းလျှင် တစ်နွယ်

ဝယ်တတ်မှ မြတ်သည်
လာဘ်ရှိမှ ပေးနိုင်သည်
အထိမ်းအသိမ်းရှိမှ ဥစ္စာပြန့်ပွားသည်
စကားငြိမ်သက်မှ အမျက်နည်းပါးသည်
အစည်းအရုံးရှိမှ အမှုညီညွတ်သည်
အရင်းရှိမှ အမြတ်အစွန်းမြင်သည်
အသွင်အပြင်ရှိမှ လူရိုသေသည်
အနေအထိုင်ကျစ်လျစ်မှ ချစ်သနားသည်
စွန့်စားမှ ဥစ္စာရသည်
စည်ပင်မှ သုံးလောက်သည်
ကြောက်ရွံ့မှ အမှုပြီးသည်
အကြီးအအုပ်ရှိမှ ငြိမ်သက်သည်
အဆက်အလက်ပြန့်ပွားမှ အလိုရှိတိုင်းရသည်
အဆိုအပြောပြေပြစ်မှ ချစ်ဖွယ်ရှိသည်
အညစ်အကြေးကင်းမှ သန့်ရှင်းသည်
အတွင်းဥစ္စာရှိမှ အပဆောင်နိုင်သည်
အကောင်အထည်ရှိမှ မပျောက်သည်
အရောက်အလာရှိမှ အကျွမ်းဝင်သည်
အရှင်လေးမြတ်မှ ခံ့ညားသည်
သားမြေးရှိမှ တင့်တယ်သည်
အရွယ်လိုက်ဝတ်စားမှ တော်တင့်သည်
အကျင့်ကောင်းမှ သူမြတ်ချစ်သည်
အကျစ်အလျစ်ရှိမှ ဥစ္စာတည်သည်
အမျိုးအမည်သိမှ ပေါင်းဖော်ရာသည်
လာမည့်ဘေးကို အဝေးကရှောင်မှ ကင်းငြိမ်းရာသည်

စောင့်စည်းမှ တည့်မှန်သည်
အရံအကာရှိမှ လုံခြုံသည်
ယုံကြည်မှ အခွင့်ပေးသည်
ဆိုရေးဆိုခွင့်သိမှ စကားတတ်သည်
အကျဉ်းအကျပ်တွေ့မှ အလေ့အကျင့်ကို သိသာသည်

ဥစ္စာဟူသည် မျက်လှည့်မျိုး
ပညာဟူသည် မြတ်ရွှေအိုး
အကျိုးကားလို၏ အပြစ်မတော်
အကျော်သတင်းရှိ၏၊ မမြဲ
အရိပ်အယောင်ရှိ၏၊ မစူးစမ်း
အပူအချမ်းခံ၏၊ မပြုစု
အမှုကားကုန်၏၊ မယုံ၍မသုံး
ထုံးစံတတ်၏၊ လူရိုသေအောင်မကျင့်
အခွင့်ပေး၏၊ ဆိုရေးဆိုဆစ်ကိုမသိ
မိမိကား သိမ်းပကား၏၊ မယားကြောင့် ကျွန်မပျော်
လှော်ကားလှော်၏၊ လှေမပြေး
ဆိုးရေးဆိုဆစ်ကိုသိ၏၊ အခွဲအခြမ်းမရှိ
အဂတိသို့ မလိုက်ပါဟုဆို၏၊
နှုတ်ပေးသွန်သင်ပြုသည်
အမှုအခင်းမရှိဟုဆို၏၊ အခေါ်အချများသည်

မယားကို မနိုင်စေနှင့်
အသိမ်းကို မပိုင်စေနှင့်
ကျေးကျွန်ကို မယိုင်စေနှင့်
သစ်ပင်ကို မချိုင်စေနှင့်
မကောင်းသောစကားကို မလှိုင်စေနှင့်
လျို့ဝှက်သောစကားကို မကြိုင်စေနှင့်
ရန်သူကို မဆိုင်လေနှင့်
မင်းကို မပြိုင်လေနှင့်

ပိုင်ကားပိုင်၏၊ အခွင့်အရာမသိ
ဥစ္စာရှိ၏၊ မပေးမလှူ
လူအရည်ကားကောင်း၏၊ မစောင့်မထိန်း
ငြိမ်းကားငြိမ်း၏၊ ကုသိုလ်မဖြစ်
အစစ်အမေးတတ်၏၊ ဓမ္မသတ်ကို မကျွမ်း
ဆိုလမ်းဆိုဆစ်ကိုသိ၏၊ မျက်နှာရှိရာပါသည်
ပညာရှိ၏၊ လောဘနိုင်ငံသို့လိုက်သည်
မရိုက်မီက ငိုနှင့်သည်
မလာမီက ကြိုနှင့်သည်
မပြောမီက ဆိုနှင့်သည်
မစားမီက မျိုနှင့်သည်
မချေးမီက လိုနှင့်သည်

မြင်းကားမလှုပ်၊ ခုံတိုင်လှုပ်
အိုးကားမဆူ၊ စလောင်းဆူ
အယူမတတ်၊ အဖြောင့်မတ်
စကားတတ်၏၊ ပါဠ်ကားမပြေ၊ အနက်ပြေ၏
ဆိုလေသမျှ၊ ထိုသူကသည်၊ လောဘကပ်ခါ၊ ပညာရှိသူ၊ မှတ်နာယူ၍၊
ကြည်ဖြူလှစွာ၊ ဤသည့်စာကို၊ ကြားခါခဏ၊ သတိရအောင်၊ မော်ကွန်းထောင်သည်။
တန်ဆောင်ဆီမီး၊ ပမာတည်း။ ။

ရှင်မဟာသီလ၀ံသ (အင်းဝခေတ်)
သက္ကရာဇ် ၈၁၅ ခုနှစ်၌ ဖွားမြင်သည်။

Sunday, November 29, 2015

ဒါနမြောက်အောင် ပေးပါ
ဒါနဆိုတာ ပေးကမ်းခြင်းကို ပြောတာဖြစ်ပါတယ်။ သဒ္ဓါတရား အားနည်းလို့
မပေးလိုမကမ်းလိုတဲ့ လူတွေရှိတတ်ပေမယ့် အတော်များများက ရှိရင်ပေးတတ်ကြတဲ့
သူတွေများပါတယ်။ သူများတွေကို ပေးဖို့သဘောမကျတဲ့ သူတွေဖြစ်စေဦးတော့ ကိုယ့်မိဘ၊
မိသားစု၊ ဆွေမျိုးစတဲ့သူတွေ အပေါ်မှာတော့ လိုအပ်ရင် လိုအပ်သလို၊
ရှိရင်ရှိသလို ပေးတတ်ပါတယ်။ အဲဒီလို ပေးတဲ့အခါ
သဒ္ဓါတရားကောင်းလို့ စေတနာပြတ်ပြီး ပေးလိုက်ကြတဲ့ အပေါ်မှာ
အထွေအထူး ပြောစရာမရှိပေမယ့် မဖြစ်မနေ ပေးနေရတဲ့အပေါ်၊ ဝတ္တရားအရ ပေးနေရတဲ့အပေါ်၊
င့ါမိဘ၊ ငါ့မိသားစုဆိုတဲ့ အသိတွေကြောင့် ပေးနေရတဲ့ အပေါ်တွေမှာ ပြောစရာလေးတွေက
ရှိလာပါတယ်။ ပေးချင်လို့ ပေးတာပဲ ဖြစ်ဖြစ်၊ တာဝန်ဝတ္တရား အရပေးတာပဲ ဖြစ်ဖြစ်၊
သဒ္ဓါပေါက်လို့ ပေးတာပဲ ဖြစ်ဖြစ်၊ ဘယ်လိုပဲ ပေးပေး ပေးတယ်ဆိုတာ ဒါနကုသိုလ်ပါပဲ။
ဒါပေမယ့် အဲဒီပေးတဲ့အပေါ်မှာ ပေးတဲ့သူရဲ့ စေတနာကိုလိုက်ပြီး ဒါနမြောက်၊ မမြောက်တော့
ကွာခြားပါတယ်။ စေတနာကောင်းနဲ့ပေးရင် ကုသိုလ်ရပေမယ့် ပေးတဲ့အပေါ်မှာ တဏှာနဲ့
မပေးမိကြဖို့တော့ အထူးသတိပြု ဆင်ခြင်ကြဖို့ လိုပါတယ်။ တဏှာမကပ်တဲ့
ဒါနသက်သက်ပေးခြင်းမျိုးနဲ့ ပေးနိုင်အောင် ကြိုးစားပြီး ဒါနမြောက်အောင် လေ့ကျင့်သင့်ပါတယ်။
လူဆိုတာက ငါစွဲလေးတွေ မကင်းသေးတော့ ပေးတာချင်းအတူတူ ငါနဲ့ပတ်သက်တဲ့
သူတွေကိုပဲ ပေးချင်တတ်ကြတာ သဘာဝပဲ ဖြစ်ပါတယ်။ ဒါကြောင့်လည်း
ငါ့အဖေအတွက်၊ ငါ့အမေအတွက်၊ ငါ့မိသားစုအတွက်၊ ငါ့ဆွေမျိုးအတွက် စသဖြင့်
ငါလေးတွေ ဦးစီးပြီး ပေးတတ်ကြခြင်း ဖြစ်ပါတယ်။ အဲဒီလို ပေးတာလည်း
ဒါနရဲ့ပေးကမ်းခြင်း သဘောပဲ ဖြစ်ပေမယ့် ပေးတဲ့အပေါ်မှာ ငါဆိုတဲ့ တဏှာက
ဦးစီးထားတာဆိုတော့ ဒါနမြောက်မှုထက် တဏှာရဲ့
ချယ်လှယ်မှုနောက်ကို ရောက်သွားတတ်တဲ့ သဘောက ပိုများတတ်ပါတယ်။
ဒါကြောင့်လည်း တစ်ခါတလေ “ငါဒီလောက်ပေးနေတာတောင် ဘာဖြစ်တယ်၊
ညာဖြစ်တယ်ဆိုတဲ့ စိတ်ကွက်မှုတွေ၊ ငါပေးထားတာတွေကို ဘာလုပ်ပြစ်တယ်၊
ညာလုပ်ပြစ်တယ်” ဆိုတာတွေ ဖြစ်လာပြီး ပေးတာကို အကြောင်းပြုလို့
စိတ်မကောင်းဖြစ်ရတာနဲ့၊ စိတ်အခန့်မသင့် ဖြစ်ရတာနဲ့၊
မပေးတာပဲ ကောင်းပါတယ်ဆိုတဲ့ စိတ်စေတနာ ပျက်မှုတွေ ဖြစ်ရတာနဲ့ စသဖြင့်
စိတ်အမျိုးမျိုး ဖြစ်ကြရခြင်း ဖြစ်ပါတယ်။ ပေးပေမယ့် စေတနာမပြတ်တာရယ်၊ ငါဆိုတဲ့
တဏှာလေးတွေက ကပ်နေတာတွေရယ်ကြောင့် ပေးခြင်းရဲ့ နောက်မှာ
အပြစ်လေးတွေ ရောက်သွားတတ်တာလေးတွေ ရှိတတ်ကြခြင်း ဖြစ်ပါတယ်။
တကယ်တော့ မိဘ၊ ဆရာသမား၊ မိသားစု၊ ဆွေမျိုးစတာတွေဟာ
ကိုယ်တတ်နိုင်ရင် ပေးချင်လို့ပဲဖြစ်ဖြစ်
ဝတ္တရားအရပဲ ဖြစ်ဖြစ် ပေးတာတော့ ပေးရမှာ ဖြစ်ပါတယ်။ ဒါပေမယ့်
အဲဒီလို ပေးတဲ့အခါမှာတော့ ငါစွဲလေးတွေကိုဖြုတ်ပြီး ပြတ်သားတဲ့ စေတနာသက်သက်နဲ့
တဏှာမကပ်ဘဲ ပေးနိုင်အောင် ကြိုးစားမယ်ဆိုရင် ကုန်သွားတာချင်း အတူတူ ဒါနအားက
အများကြီး တာသွားတာကို သတိပြုမိဖို့ လိုပါတယ်။ အပေးတတ်ရင်
သားသမီးဝတ္တရားကို ဖြည့်နေရင်း၊ မိဘဝတ္တရားကို ဖြည့်ဆည်းပေးရင်းနဲ့ကိုပဲ
ဒါနမြောက်နေတယ်ဆိုတာ မမေ့ကြဖို့ လိုပါတယ်။
ဟုတ်ပါတယ်။ အဖေတို့အမေတို့ကို ပေးတာ၊ မိသားစုကိုကျွေးတာ၊
ဆွေမျိုးတွေကို ထောက်ပံ့တာ စတာတွေဟာ အပေးတတ်ရင်
ဒါနလုပ်နေကြတာပဲ ဖြစ်ပါတယ်။ ငါစွဲလေးတွေကပ်ထားတဲ့ တဏှာလေးတွေကို
ခွါပြီး မျှော်လင့်ချက်ကင်းတဲ့ ပြတ်သားတဲ့ စေတနာလေးတွေနဲ့
တတ်နိုင်သလောက် ပေးနိုင်ကြမယ်ဆိုရင် သားသမီးဝတ္တရားကို ဖြည့်ရင်း၊
မိဘဝတ္တရားအရ စောင့်ရှောက်ပေးရင်းနဲ့ကိုပဲ အထွေအထူး အလှူပွဲကြီး မလုပ်ရဘဲ
ဒါနမြောက်နေကြတာ ဖြစ်ပါတယ်။ ဆိုတော့ကား မိဘမိသားစု
စတာတွေကို ထောက်ပံ့ပေးကမ်း နေတာတွေဟာ ကုသိုလ်မရဘူးလားဆိုတော့ ရပါတယ်။
ရပေမယ့် ငါလေးတွေ၊ မျှော်လင့်ချက်လေးတွေ၊ စေတနာ မပြတ်တာလေးတွေက
ပါနေတတ်ကြတော့ ပေးပေမယ့် ဒါနရဲ့အားတွေ၊ ဒါနမြောက်မှုတွေ၊
ဒါနရဲ့ ထောက်ပံ့မှုသဘောလေးတွေ တစ်ခါတလေ ပျောက်နေတတ်တဲ့ အဖြစ်လေးတွေကို
သတိပြုမိစေချင်တာ ဖြစ်ပါတယ်။
ဆိုလိုတာက ပေးတယ်ဆိုတာ ဘယ်သူ့ကိုပဲ ပေးပေး စေတနာပြတ်ပြီး တဏှာမကပ်ရင်
ဒါနတွေ မြောက်နေတာ ဖြစ်တဲ့အတွက် ဝတ္တရားအရ ပေးရတာပဲ ဖြစ်ဖြစ်၊
ပတ်ဝန်းကျင်ကြောင့် ပေးရတာပဲ ဖြစ်ဖြစ်၊ မလွန်ဆန်နိုင်လို့ ပေးရတာပဲ ဖြစ်ဖြစ်၊
ပိုလျှံနေလို့ ပေးရတာပဲ ဖြစ်ဖြစ်၊ ကျေးဇူးဆပ်တဲ့ အနေနဲ့ ပေးကြတာပဲ ဖြစ်ဖြစ်
ဘယ်လိုပဲ ပေးပေး ပေးလို့ကုန်သွားတာချင်း အတူတူ “ငါမိုလို့ ပေးနိုင်တာ၊ ငါ့မိဘ၊
ငါ့မိသားစု၊ ငါ့ဆွေးမျိုးစတာတွေ ဖြစ်လို့ ငါပေးတာ၊ ငါပေးတဲ့အရာတွေကို
ငါဖြစ်စေချင်သလို ဖြစ်ကိုဖြစ်ရမှာ” စတဲ့ ပေးကမ်းမှုနောက်မှာ ဖြစ်ပေါ်တတ်တဲ့
တဏှာလေးတွေ၊ စေတနာမပြတ်မှုလေးတွေ၊ မျှော်လင့်ချက်ထားတာလေးတွေကို
ခွာပြီး ပြတ်သားတဲ့ သဒ္ဓါတရားနဲ့ စေတနာအပြည့်ထားကာ ဒါနမြောက်အောင် ပေးကြည့်ကြဖို့
ဆိုလိုတာ ဖြစ်ပါတယ်။ အဲဒီလိုငါတွေကိုခွာပြီး တဏှာမပါဘူးဆိုရင်
မိဘကိုပေးနေတာ၊ မိသားစုကို ကျွေးနေတာ၊ ဆွေးမျိုးတွေကို ထောက်ပံ့နေတာ စတာတွေဟာ
နည်းတာများတာ ပဓာနမကျဘဲ ဒါနလေးတွေ မြောက်နေကြတယ်ဆိုတာ
သိစေချင်တာ ဖြစ်ပါတယ်။
ဒါကြောင့် ပေးတာချင်းအတူတူ အပေးမတတ်ရင် တဏှာကပ်တတ်ပြီး အပေးတတ်ရင်
ဒါနအမြတ်တွေ ဖြစ်တတ်တဲ့အတွက် ဘယ်လိုအကြောင်းကြောင့်ပဲ ပေးပေး၊
ဘယ်သူ့ကိုပဲ ပေးပေး ပေးတဲ့အခါမှာ ငါလေးတွေ၊ တဏှာလေးတွေကို ခွာပြီး အားကြီးတဲ့
သဒ္ဓါ၊ ပြတ်သားတဲ့ စေတနာ၊ မျှော်လင့်ချက်ကင်းတဲ့ ဘာဝနာတွေနဲ့ ပေးနိုင်အောင်
ကြိုးစားရင်း ပေးလိုက်ရတဲ့အလျောက် ဒါနမြောက်အောင်သာ ပေးကြဖို့ အသိပေးတိုက်တွန်း
လိုက်ရပါတယ်။
မေတ္တာဖြင့်
မနာပဒါယီ အရှင်ဝိစိတ္တ (ဒိုက်ဦး)

Tuesday, November 24, 2015

သာမညဖလ အခါတော်နေ့ (သို့မဟုတ် )
တန်ေ ဆာင် မုန်း လြ ပည့်ေ န့။
တန်ဆောင်မုန်းလပြည့် ဆိုတာကတော့ ထူးခြားမှုတွေမျာစွာြ ပည့်စုံတဲ့ အချိန်အခါ ပါပဲ . . ။
သာမညဖလသုတ္တန်ဒေသနာတော် ( ရဟန်းပြုခြင်းအကျိုး)ကိုဟောကြားခဲ့လို့
သာမညဖလအခါတော်နေ့ လို့ သတ်မှတ်ထား ပါတယ် . . ။
ကထိန်သင်္ကန်း ကပ်လှူပွဲ ၊ မသိုးသင်္ကန်းရက်လုပ်ပူဇော်ပွဲ၊ ပံ့သကူပစ်ပွဲ ၊
ကြာသင်္ကန်းကပ်လှူပွဲ၊ တန်ဆောင်တိုင်မီးထွန်းပွဲေ တွကျင်းပကြတဲ့ ထူးမြတ်တဲ့
အခါသမယဖြစ်နေပါတယ်. . ။
ကြာသင်္ကန်း ရက်လုပ်ပွဲ၊ အသီးတစ်ထောင်၊ အပွင့်တစ်ထောင် ၊ ထမင်းအုပ်တစ်ထောင် ၊
ဆီမီးတစ်ထောင် ပူဇော်တဲ့ေ ထာင်ပြည့်ပွဲတော်လှေကားပွဲတော် (ခေါ် ) ရှင်မာလဲပွဲတော် ဆိုတာလည်း
ကျင်းပကြပါတယ် လို့ကြားဘူးမှတ်ဘူးခဲ့ပါတယ် . . ။
တန်ဆောင်တိုင်ပွဲတော် ဆိုရင် ကန်တော့ တန်ဆောင်တိုင် မီးထွန်းပွဲတော်၊ ကထိန် သင်္ကန်း
အလှူ ပွဲတော် မသိုးသင်္ကန်း ယက်လုပ် ပူဇော်ပွဲတော်၊ မဲ ဇလီ ဖူးသုပ်ေ ဝငှသော ပွဲတော်၊
ကျီးမနိုးပွဲတော်ေ တွကိုပြုလုပ်ခဲ့ ကြတာရဲ့ အတိတ်ခန္ဓာ အစဉ်တန်းဟာ အခုပြန်ေ တွး
အခုြ ပန်ေ ပ်ါလာပါတော့တယ်။
တန်ဆောင်မုန်း လပြည့်နေ့ကို သာမည ဖလ အခါတော်နေ့ အဖြစ် သတ်မှတ်တာြေ ပာပြပါရစေ။
ဂေါတမ ဘုရားရှင်လက်ထက်တော် အခါက တန်ဆောင်မုန်း လပြည့် ညမှာ အဇာ တသတ်
မင်းသား မူးမတ်ေ ပါင်းစုံလင်စွာဖြင့် ညီလာခံသဘင်ဆင်ယင်ကျင်းပနေပါတယ်။ ဆီးနှင်းမြူတိမ်
သူရိန်မီးခိုး ညစ်မျိုး ငါးဝကင်း စင်ပပြီး ကြည်နူးသာယာ ဘွယ်ကောင်းတဲ့ တန်ဆောင်မုန်းလပြည့်
ညရဲ့ အလှအပကို ကြည့်ပြီး အဇာတသတ် မင်းသားက
၁။ ရမဏီယာ ဝတ =ေ မွ့လျော်ဖွယ်ကောင်းသော ညပါတကား။
၂။ အဘိရူပါ ဝတ = အလွန်လှပသော ညပါတကား။
၃။ ဒဿနီယာ ဝတ = ရှုဖွယ်ကောင်းသောညပါတကား။
၎။ ပါသာဒိကာ ဝတ = ကြည်လင် ရွှန်းပသော ညပါတကား။
၅။ လက္ခညာ ဝတ =ေ မ့မရနိုင်သောညပါတကား။ လို့ စကားငါးခွန်းနဲ့ ချီးမွမ်းတော် မူပါသတဲ့။
အဇာတသတ်မင်းတရားဟာ အဖေကို သတ်မိတဲ့အကုသိုလ်ကံေ ကြာင့် အလွန်
ကြည်နူးသာယာ ဖွယ်ကောင်းတဲ့ တန်ဆောင်မုန်း လပြည့်ညရဲ့ အလှအပကို မခံစားနိုင်ပဲ
အိပ်စက် မရအောင်ြ ဖစ်နေပါတယ်။
အဇာတသတ် မင်းသားလေးဟာ ငယ်ရွယ်စဉ် အခါမှာေ ဒဝဒတ် ကိုဆရာတင်မိပြီး
အပေါင်းအသင်း မှားတဲ့ အတွက် ဖခင် ဘုရင်ကြီးကို သတ်မိသည်အထိ ဆိုးသွမ်း
ခဲ့ဘူးတာ မိတ်ဆွေတို့ သိပြီးသားဖြစ်မှာပါ။ ပဉ္စာနန္တိယ ကံကြီးထိုက်ပြီးတဲ့ အချိန်က စလို့
အိပ်မပျော်တဲ့ေ ရာဂါဝေဒနာ စွဲကပ်ခဲ့ပါတယ်။
အဲဒီေ ဝဒနာပျောက်ကင်းအောင် မည်သည့်ဆေး နှင့်မှ ကုစား မရဖြစ်နေခဲ့တာ
အမတ်တွေအကြံေ ပးတဲ့အတိုင်း တိတ္ထိ ဆရာကြီး ၆ေ ယာက် တို့ ထံ သွားရောက်ခဲ့ပါတယ်။
အဇာတသတ် ဘုရင်က သူသိလိုတဲ့ သာမညဖလ ( ရဟန်းြ ပုခြင်း အကျိုး ) ကိုမေးတဲ့
အခါ မှာေ ကျနပ်လောက်တဲ့အဖြေကို မရတဲ့အတွက်ြ ပန်လာခဲ့ရပါတယ်။
သမားတော်ကြီး ဇီဝကေ ကျးဇူးကြောင့် ဘုရားရှင်ကို ဖူးတွေ့ေ မးမြန်းသိရှိပြီးမှ အိပ်စက်လို့
ရသွားပါတော့တယ်။အဇာတသတ်မင်းတရား ဘုရားရှင်ကို အဖူးအမျှော်သွားရောက်တဲ့အချိန်ဟာ
တန်ဆောင်မုန်းလပြည့် ညချမ်း ချိန်ခါ ကလေးပေါ့။
အဲဒီ အချိန်မှာြ မတ်စွာဘုရားဟာ ရာဇဂြိုလ် မြို့အနီး သမားတော် ကြီး ဆရာ ဇီဝက လှူ ဒါန်း ထားတဲ့
သရက် ဥယျာဉ် မှာ သီတင်းသုံးနေတဲ့ အချိန်ဖြစ်နေပါသေးတယ်။
သရက်ဥယျာဉ် ထဲမှာပဲ ဘုရားရှင်ဟာ အဇာတသတ်မင်းကို သာမညဖလ
သုတ္တန်ေ ဒသနာတော်ကိုေ ဟာကြားတော်မူခဲ့ပါတယ်။
အလွန် သာယာလှပတဲ့ေ တာတောင်ရိပ်နဲ့ လပြည့်ညမှာေ ဟာကြားတဲ့ တရားတော်ဟာေ နာင်တ
တစ်ဖန် ပူပန်မှုတွေနဲ့ ဆူပွက်လောင်မြိုက်တဲ့
နှလုံးသားကိုေ အးချမ်းသာယာမှုကိုေ ဆာင်ကျဉ်းေ ပးနိုင်ခဲ့ပါတယ်။
အဲဒီ သာမညဖလသုတ္တန်ဟာ ဒီဃ နိကာယ်၊ သီလက္ခန္ဓ ဝဂ္ဂ ပါဠိတော်မှာ ပါရှိပါတယ်။
ရဟန်းသံဃာတော်တွေ အတွက်ေ ကြးမုံမှန်တစ်ချပ် သဖွယ်ဖြစ်ပြီး ကိုယ်ကျင့်သီလ
ရှိတယ် မရှိဘူးဆိုတာကို ဤသုတ္တန်ြ ဖင့်ထင်ဟပ်စေနိုင်ပါတယ်။ရဟန်းပြုခြင်း
အကျိုးတွေကို ေ ဟာၾကားတဲ့ ေ န့ဖြစ်တဲ့အတွက် တန်ဆောင်မုန်း လပြည့်နေ့ကို
သံဃာေ တ်ာများနေ့လို့ေ ခ်ါဆိုခဲ့တာ ကိုလည်းမှတ်သားထားလိုက်ပါ။
သာမည ဖလ = ရဟန်းပြုခြင်း၏ အကျိုးကျေးဇူးတွေကတော့ - - - - - -
၁။ မင်းခစားဘဝနှင့် မင်းပြစ် မင်းဒဏ်မှ လွတ်ကင်းခြင်း အကျိုး။
၂။ အခွန်ထမ်းဆောင်မှု မှ လွတ်ကင်းခြင်း အကျိုး။
၃။ ပါတိမောက္ခ သံဝရသီလ နှင့်ြ ပည့်စုံသဖြင့် အပါယ်ဘေးမှ ကင်းဝေးခြင်း အကျိုး။
၎။ ဒုစရိုက်ကိုေ ရှာင်သဖြင့် ဒုစရိုက် ဒုက္ခ မှ ကင်းလွတ်၍ စူဠ သီလ နှင့်ပြည့်စုံြ ခင်း
အကျိုး။
၅။ ပွဲသဘင် အမျိုးမျိုး၊ ကစားပွဲ အမျိုးမျိုး မကောင်းသောစကားအမျိုးမျိုး တို့မှေ ရှာင်ကြဉ် သဖြင့်
ထိုဒုက္ခများမှ ကင်းလွတ်၍ မဇ္ဈိမ သီလနှင့်ပြည့်စုံခြင်း အကျိုး ။
၆။ နက္ခတ်ဗေဒင် ၊ယတြာ လက္ခဏာေ ဆးကုခြင်း စသည်တို့မှေ ရှာင်ကြဉ်သဖြင့် အာဇီဝ
ပါရိသုဒ္ဓိ သီလ နှင့် ညီညွတ်၍ မဟာသီလနှင့်ြ ပည့်စုံခြင်းအကျိုး ။
၇။ ဣနြေ္ဒ ၆ပါး ၌ အကုသိုလ် မဖြစ်အောင်ေ စာင့်စည်းနိုင်ခြင်း အကျိုး။ (ဤ သည်တို့ကား အခြေခံ
သီလများဖြစ်ပါသည် ) ။
၈။ သတိ နှင့်ြ ပည့်စုံခြင်း အကျိုး။
၉။ သမ္ပဇဉ် (ဆင်ခြင်တုံ ) တရားနှင့်ပြည့်စုံခြင်း အကျိုး။
၁ဝ။ သန္တောသ ( ရောင့်ရဲခြင်း ) အကျိုး။ အခြေခံသီလ ၊ သတိ သမ္ပဇဉ် ၊ သန္တုဋ္ဌီ
တရားများနှင့်ြ ပည့်စုံသော ရဟန်းသည် သမထ ဝိပဿနာ တရားကို
ဆက်လက်အားထုတ်ပါကေ အက်ပါ အကျိုး များကို လက်တွေ့ ခံစားရရှိနိုင်ပါသေးတယ်။
၁၁။ နီဝရဏ ငါးပါးမှ လွတ်ကင်းခြင်း အကျိုး။
၁၂။ ဈာန်တရား ရနိုင်ခြင်း အကျိုး။
၁၃။ ဝိဇ္ဇာ ရှစ်ပါး နှင့်ြ ပည့်စုံ၍ မဂ် ဖိုလ် ရနိုင်ခြင်း အကျိုး။
အဇာတသတ်မင်းသားဟာ သာမညဖလသုတ္တန် ကိုနာယူလိုက်ရတဲ့အချိန်က စပြီး
ဗုဒ္ဓသာသနာတော်ကို သက်ဝင်ယုံကြည်လာပြီး ပုထုဇဉ်များထဲမှာ ရတနာ သုံးပါးကို
အကြည်ညို ဆုံး ပုဂ္ဂိုလ်ြ ဖစ်လာခဲ့ပါတယ်။
သူရဲ့ အမှား ကိုေ နာင်တြ ဖစ်ပြီး သတိတရားရလာ ခဲ့ပါတယ်။ ဗုဒ္ဓသာသနာတော် ကို
အသက်ပေးပြီး ကြည်ညိုလာ တဲ့သူဖြစ်လာ ပါတယ်။
"မြတ်စွာဘုရား တပည့်တော်သည် မိုက်၍ေ တွဝေ၍ မလိမ္မာ၍ အပြစ်သည် တပည့်တော်ကို
လွှမ်းမိုးသွားခဲ့ပါပြီ။ တရားစောင့်သော တရားသဖြင့် မင်းပြုသော ခမည်းတော်ကို မင်းစည်းစိမ်
( အာဏာ) ဟူသော အကြောင်းကြောင့် တပည့်တော် သတ်မိခဲ့ပါ၏။ ထို တပည့်တော် ၏
အပြစ်ကိုေ နာင် အခါစောင့်စည်းခြင်းငှာ အပြစ်ဟုြ မတ်စွာဘုရား ကလက်ခံတော် မူပါဘုရား "။ လို့
ဘုရားရှင်ထံပါး မှာေ လျှာက်ထားခဲ့ပါတယ်။
မင်းကြီး အကြင်သူသည် အပြစ်ကို အပြစ်ဟု အကြောင်းအားလျော်စွာ ကုစား၏။
နာင်အခါေ စာင့်စည်း၏။ ထိုသူ၏ ကုစားစောင့်စားခြင်းသည် အရိယာ၏ ဝိနည်း အဆုံး အမ၌
ကြီးပွားခြင်း ပင်တည်းဟုြ ပန်လည် မိန့်တော်မူ ပြီးစိတ်သက်သာရာရေ စခဲ့ပါတယ်။
နောက်တော့လည်းသူဟာပထမ သင်္ဂါယနာ တင်ပွဲကြီးြ ဖစ်မြောက်အောင် ဒါယကာ အဖြစ်ခံယူ
ကူညီခဲ့ပါတယ်။ ဗုဒ္ဓသာသနာတော် နှစ်ကို အတိအကျ သတ်မှတ်ပေးခဲ့ပါတယ်။
ပိဋကတ်တော်များ ကို မပျက် မစီးရအောင် သံင်္ဂါ ယနာ အဆက်ဆက် တင်၍
ယနေ့တိုင်အောင် ထိန်းသိမ်း ထားနိုင်တာတွေ၊ ဓာတ်တော်များကို ရှာဖွေ ပြီး စုဆောင်း
ထိန်းသိမ်းထားခဲ့လို့သာ သီရိဓမ္မာသော ကမင်းကြီး ကစေတီပေါင်း ရှစ်သောင်းလေးထောင် တည်ထား၍
သာသနာြ ပုနိုင်တာတွေဟာ အဇာတသတ်မင်းသားရဲ့ေ ကျးဇူးလို့ နားလည် လက်ခံရမှာပါ။
အဇာတသတ်မင်း တရား ဘုရားရှင်ကို အဖူးအမျှော် သွားရောက်တဲ့အချိန်ဟာ
တန်ဆောင်မုန်းလပြည့် ညချမ်းချိန်ခါ ကလေးပါ။ နန်းတော်က ဘုရားေ ကျာင်းဆောင်ကို သွားတဲ့အခါ
နန်းမြို့တော် အရှေ့ဘက် တံခါးကထွက် ရလို့ အရှေ့ဘက်ရှိတောင်ရိပ်နဲ့ သစ်ပင်
အရိပ်များလူသွားလမ်းပေါ် ကျရောက်နေလို့ ေ မွာင္မဲ ေ နပါတယ် . ။
ဒါကြောင့် လိုက်ပါသူတွေအားလုံးဟာမီးရှူး မီးတိုင်တွေ အလင်းရောင်တွေ ထွန်းညှိပြီး
သွားရောက်ခဲ့တာက အစပြုလို့ တန်ဆောင်တိုင် မီးထွန်းပွဲတော်ဟာ ဘုရားရှင်ကို
ပူဇော်ပွဲအလေ့အထ စတင်ြ ဖစ်တည်ခဲ့ရပါတယ်။
ကျေးဇူးတော်ရှင်ြ မတ်စွာဘုရားေ ဟာကြားခဲ့တဲ့ သာမညဖလ သုတ္တန်ကို နာကြားခဲ့လိုက်တဲ့
အဇာတသတ်မင်းတရား အဘို့ တရားအဆုံးမှာေ သာတာပန် တည်နိုင်ပါတယ်။ သူကျူးလွန်ခဲ့တဲ့
ကံက မဂ်ဉာဏ် ဖိုလ် ဉာဏ် ကို တားမြစ်ထားခဲ့တာပါ . ။ ဒါကို သင်္ခန်းစာယူရပါလိမ့်မယ်။
သည် ဘဝမှာ မဂ်ဉာဏ် မရနိုင်တာကို သိပေမဲ့ အားတော့ မလျှော့ပါဘူး။
ကျးဇူးတော်ရှင်ြ မတ်စွာဘုရားကို ကြည်ညိုပြီးသာသနာကို ကြိုးစားေ စာင့်ရှောက်ခဲ့ပါတယ်။
၁။ အိပ် မပျော်တဲ့ ေ ရာဂါ ေ ဝဒနာ ငြိမ်းအေးသွားခဲ့ပါတယ်။
၂။ ရတနာသုံးပါးကို နှစ်နှစ် ကာကာ ယုံကြည် လာပါတယ်။
၃။ ပုထုဇဉ်တွေ ထဲမှာ ရတနာ သုံးပါးကို အကြည်ညို ဆုံး ပုဂ္ဂိုလ်
အဖြစ်မှတ်တမ်းတင်ခံရပါတယ်။
၎။ အပြစ်ကြီးလေးသော မဟာ အဝီ စိ ငရဲ မှာ မခံစားရတော့ပဲ အပြစ်ပေါ့တဲ့ေ လာဟ ကုမ္ဘီ
ငရဲမှာသာ ခံရ ပါတော့တယ်။
၅။ေ နာင် အနာဂတ်ကာလမှာ ဝိဇိတာဝီ အမည်ြ ဖင့် ပစ္စေက ဗုဒ္ဓါြ ဖစ်ပြီး ကျွတ်တမ်းဝင်
ရပါလိမ့်မည်။
ပိုင်းလော့ဆရာေ တ်ာဘုရားကြီးသင်ကြားပေးလိုက်တဲ့ လင်္ကာလေးကို အမှတ်ရမိတယ်။
ကိုယ် မိုက် - မိုက်မှန်းသိ
လူမိုက်ပညာရှိ။
ကိုယ်ဆိုး- ဆိုးမှန်းသိ
လူဆိုးပညာရှိ။
ဆိုးလျက်နဲ့ပင်ေ တ်ာသည်ထင်
ဆိုးမြဲ ဆိုးမည်ပင်။
ဓမ္မမိတ်ဆွေများလည်း အဇာတသတ်မင်းသားကို နမူနာ ယူပြီး သံသရာမှာ ကိုးကွယ်
ဆည်းကပ်သင့်တဲ့ ဆရာမှားခဲ့ လို့ရခဲ့တဲ့ ဆိုးကျိုးတွေ အပေါ် သင်္ခန်းစာယူ နိုင်ကြပါစေ။
မိမိတို့ ကို သံသရာ့ချောက်ထဲမကျအောင် လမ်းကြောင်း မှန်ကိုသွန်သင်
ဆုံးမသင်ကြားပြသပေးတဲ့ေ ကျးဇူးတော်ရှင် သံဃာတော် အပေါင်းကို သာမညဖလ အခါတော်နေ့မှာ
ရိုသေလေးမြတ်စွာ ရှိခိုးပူဇော်ကြပါစို့။

အမ ThanThan Sein သစ္စာအလင်း ၏
ကောင်းမွန်ြ ပည့်စုံလှသော ဓမ္မ post ကို ထပ်ဆင့်ေ ကာက်နှုတ် ပူဇော်ပါသည်။
ဖေ့စ်ဘွတ်မှ ကူးယူဖော်ပြပါသည်။