(သတိပေး ဆုံးမစာ)
တောမှာ ကျီးငှက်၊ အိမ်မှာ ကြွက်သို့၊
သူပျက် သူလောင်၊ ပြည်ငြောင့်ကောင်လည်း
မရှောင် လုယက်၊ နိုင်အထက်ဖြင့်၊
ပျက်ပျက်စီးစီး၊ အချည်းနှီးအောင်
ဖျက်ဆီးမှုသာ၊ ပြုတတ်စွာ၏။
သမ္မာမကြိုက်၊ စရိုက်ယွင်းချော်
မအော် မအမ်း၊ အကျင့်သွမ်းနှင့်
ဟော့ရမ်းယုတ်မာ၊ မိစ္ဆာလူမျိုး
မိုက် အားကိုးတို့၊ မိုက်ဆိုးမိုက်ရဲ၊
မိုက်မိုးကဲ၍။
ပြည်ထဲ မမွှေရစ်စေနှင့်။
(မာန်လည်ဆရာတော်- မဃဒေဝ)