Thursday, September 17, 2015

ဂဏန်းမှတ်​နည်းဖြင့်​ တရား​တော်

အကျိုးရှိတာတွေမှတ်ဖို့ အကျိုးမရှိတာတွေမမှတ်ဖို့ သားတော်ရာဟုလာကို စောင့်ရှောက်တဲ့အနေနဲ့
ဂဏန်းမှတ်နည်းဖြင့် တရားဓမ္မကိုသင်ပြပေး၍ ရှင်ရာဟုလာကို
ငယ်ငယ်လေးတည်းက မြတ်စွာဘုရားက တရားလမ်းကြောင်းပေါ်ရောက်အောင် ပို့ပေးထားခဲ့သည်။

ရာဟုလာ...
၁။ တစ်ခုဆိုတာ ဘာလဲ
၂။ နှစ်ခုဆိုတာ ဘာလဲ
၃။ သုံးခုဆိုတာ ဘာလဲ
၎။ လေးခုဆိုတာ ဘာလဲ
၅။ ငါးခုဆိုတာ ဘာလဲ
၆။ ခြောက်ခုဆိုတာ ဘာလဲ
၇။ ခုနစ်ခုဆိုတာ ဘာလဲ
၈။ ရှစ်ခုဆိုတာ ဘာလဲ
၉။ ကိုးခုဆိုတာ ဘာလဲ
၁၀။ ဆယ်ခုဆိုတာ ဘာလ

၁။ ရာဟုလာ တစ်ခုဆိုတာ ဘာလဲ

လူတိုင်းလူတိုင်းဟာ နေ့စဉ်နဲ့အမျှ ရှောင်လို့မရတဲ့တစ်ခုဟာ
အစာအာဟာရတဲ့။
သတ္တ၀ါတွေအားလုံးဟာ အစာကြောင့် အသက်ရှင်ရတယ်။
အစာစားလို့ အသက်ရှင်ကြတယ်။ သတ္တ၀ါအားလုံးဟာ
တညီတည်းအမှီပြုပြီး
အသက်ရှင်ကြရတဲ့တစ်ခုကို ပြောခြင်းဖြစ်သည်။
နေ့စဉ်နှင့်အမျှ ရှောင်လွှဲလို့မရအောင် မှီခိုအားထားနေရတာသည်
အာဟာရ ဖြစ်သည်။ ဒါကြောင့် ဒီလိုနေ့စဉ်နဲ့အမျှ မှီခိုအားထားစားနေရခြင်းကို
တရားသံဝေဂရစိမ့်သာငှာ မြတ်စွာဘုရားက ကလေးလေးကို စိတ်ဝင်စားဖွယ်
ဂဏန်းနှင့်တွဲဖက်သင်ပေးထားခြင်းဖြစ်သည်။

၂။ နှစ်ခုဆိုတာ ဘာလဲ

ရာဟုလာ နှစ်ခုဆိုတာ ရုပ် နဲ့ နာမ် ဖြစ်တယ်တဲ့။
အကျိုးရှိတာတွေမှတ်ဖို့၊ အကျိုးမရှိတာတွေမမှတ်ဖို့ သားတော်ရာဟုလာကို စောင့်ရှောက်တဲ့အနေနဲ့
ငယ်ငယ်လေးတည်းက မြတ်စွာဘုရားက တရားလမ်းကြောင်းပေါ်ရောက်အောင် ပို့ပေးထားတာ။ လူတွေရဲ့သန္တာန်မှာ
ရုပ်နဲ့နာမ် ဒီနှစ်ခုပဲရှိတယ်။

၃။ သုံးခုဆိုတာ ဘာလဲ

ရာဟုလာ သုံးခုဆိုတာ တခြားမဟုတ်ဘူး။ အာရုံနဲ့တွေ့တဲ့အချိန်မှာ ခံစားချက် သုံးမျိုးရှိတယ်တဲ့။
ကောင်းတာနဲ့တွေ.ရင် ကြိုက်တယ်ဝမ်းသာတယ်၊ မကောင်းတာနဲ့တွေ.ရင်
မကြိုက်ဘူးစိတ်ညစ်တယ်၊
ကောင်းမကောင်းမဟုတ်ဘူးဆိုရင် ပျော်တာလည်းမဟုတ်စိတ်ညစ်တာလည်းမဟုတ်ဆိုတာရှိတယ်။
ဒါကြောင့် ခံစားမှုဟာသုံးမျိုးရှိတယ်တဲ့။
သုခဝေဒနာ၊ ဒုက္ခဝေဒနာ၊ ဥပေက္ခာဝေဒနာ။
အဲဒီသုံးခုရှိတာကိုရည်ညွှန်းပြီး သုံးခုဆိုတာ ခံစားမှုသုံးမျိုးဖြစ်တယ်ဟု ဝေဒနာသုံးမျိုးကို သင်ပေးတယ်။

၎။ လေးခုဆိုတာ ဘာလဲ

ရာဟုလာ လေးခုဆိုတာ သစ္စာလေးပါးတဲ့။
အမှန်တရားလေးမျိုးရှိတယ် ရာဟုလာတဲ့။
ဒုက္ခရယ်၊ သမုဒယရယ်၊ နိရောဓရယ်၊ မဂ္ဂရယ်။
လောကမှာကြည့်လိုက်ရင် တကယ့်အမှန်တရားဆိုတာ ဒီလေးမျိုးပဲရှိတယ်တဲ့။
သစ္စာလေးပါးကို သင်ပေးတယ်။

၅။ ငါးခုဆိုတာ ဘာလဲ

လူတွေမှာ တဏှာတို့ ဒိဋ္ဌိအမြင်နဲ့စွဲလမ်းတဲ့ ဥပါဒါနက္ခန္ဓာ ငါးမျိုးရှိပါတယ်တဲ့။
ရုပ်၊ ဝေဒနာ၊ သညာ၊ သခါင်္ရ၊ ၀ိဥာဏ် ဆိုတဲ့ ဒီခန္ဓာငါးပါးအပေါ်မှာ စွဲလမ်းတဲ့ ၊တဏှာအမြင်
ဒိဋ္ဌိအမြင်တွေနဲ့ စွဲလမ်းနေတဲ့ ဥပါဒါနက္ခန္ဓာငါးပါး။
အဲဒီ ၅ ဂဏန်းကို မြတ်စွာဘုရားကသင်ပေးတယ်။

၆။ ခြောက်ခုဆိုတာ ဘာလဲ
ခြောက်ခုဆိုတာ ဘာလဲဆိုတော့ ပြင်ဘက်က အာရုံတွေနဲ.ဆက်သွယ်ဖို့ရာအတွက် ခြောက်ခုဆိုတာ
ရှိတယ်တဲ့။ အဂါင်္ရပ်ခြောက်ခုရှိတယ်။ အဲဒါဘာလဲဆိုတော့ မျက်စိ၊ နား၊ နှခေါင်း ၊ လျှာ၊ ကိုယ်၊ စိတ်
ဆိုတဲ့ အဂါင်္ခြောက်ခု။ ဒါတွေနဲ့ပဲ အာရုံခြောက်မျိုးကို နေ့စဉ်ဆက်သွယ်နေကြတယ်။
အာရုံတွေရဲ.အခြေခံ၊ စိတ်ပေါ်ရာ ခြောက်ခုရှိတယ်ဆိုပြီးတော့ ၆ ဂဏန်းကို သင်ပေးတယ်။

၇။ ခုနစ်ခုဆိုတာ ဘာလဲ

ခုနစ်ခုဆိုတာ အသိဥာဏ်ဖြစ်ဖို.ရာ အကြောင်းတရားခုနစ်ခုရှိတယ်တဲ့။
ဗောဇ္ဈင် (၇) ပါးပေါ့။ ဗောဇ္ဈင်ဆိုတာ ဗောဓိအဂါင်္လို့ခေါ်တဲ့ စကားလုံးကနေဖြစ်ပေါ်လာတာ။
ဗောဓိဆိုတာ အသိဥာဏ်၊ အဂါင်္ဆိုတာ ရရှိခြင်းရဲ့အကြောင်းတရား။
အသိဥာဏ်ဖြစ်ဖို့ရာအတွက် ဒီစွမ်းရည်သတ္တိတွေနဲ့
ကိုယ့်သန္တာန်မှာအသိဥာဏ်ဖြစ်ပေါ်အောင်လုပ်ရမယ်တဲ။
ဒါတွေကိုလိုက်ကြည့်မယ်ဆိုလို့ရှိရင် အဆင့်ဆင့်ကမ္မဋ္ဌာန်းပွားလို့ရလာတဲ့
သဘောတွေကို မြတ်စွာဘုရားကဟောနေခြင်းဖြစ်တယ်။
ကလေးလေးနဲ့တန်ရုံ ဂဏန်းသဘောတွေကို မြတ်စွာဘုရားက မှတ်ခိုင်းထားတာ။

၈။ ရှစ်ခုဆိုတာ ဘာလဲ

မဂ္ဂင်ရှစ်ပါးတဲ့။
မဂ္ဂဆိုတာ လမ်းကြောင်းပဲ။
ဘယ်သွားမယ့်လမ်းကြောင်းဆိုတော့ နိဗ္ဗာန်သွားမယ့်လမ်းကြောင်းဖြစ်တယ်။
အဲဒီမဂ္ဂဆိုတာ ရှစ်ခုနဲ့ ဖွဲ.စည်းထားတဲ့အရာဖြစ်တယ်။
သမ္မာဝါစာ၊ သမ္မာကမ္မန္န၊ သမ္မာအာဇီဝ၊ သမ္မာဒိဋ္ဌိ၊ သမ္မာသင်္ကပ္ပ၊ သမ္မာဝါယမ၊ သမ္မာသတိ၊ သမ္မာသမာဓိ၊
လို့ ခေါ်တဲ့ မဂ္ဂင်ရှစ်ပါး။ အဲဒီမဂ္ဂင်ရှစ်ပါး ဒီစွမ်းအားတွေ မိမိတို့သန္တာန်မှာပြီဆိုရင်
နိဗ္ဗာန်ထိအောင် ပေါက်မြောက်ပြီးသွားနိုင်တယ်တဲ့။
အဲဒါ (၈)ဂဏန်းအနေနဲ့ မြတ်စွာဘုရားက သင်ပေးတာ။
ဆိုလိုတာက ဗောဇ္ဈင် (၇)ပါးပွား၊ မဂ္ဂင်(၈)ပါးပွားပြီးသွားရင် နိဗ္ဗာန်ကိုရောက်မယ်ဆိုတဲ့အကြောင်းကို
သင်ပေးတဲ့သဘောပေါ့။
ကလေးလေးစိတ်ဝင်စားအောင်လို့ ဂဏန်းနဲ့သင်ပေးတာ။

၉။ ကိုးခုဆိုတာဘာလဲ
သုံးဆယ့်တစ်ဘုံသတ္တ၀ါတွေကို ခြုံငုံပြီးတော့ ကြည့်လိုက်မယ်ဆိုရင် သတ္တ၀ါတွေဟာ ကိုးမျိုးပဲ
ရှိနိုင်တယ်တဲ။ သတ္တ၀ါတွေနေတဲ့ဘုံဟာ ကိုးမျိုးပဲရှိနိုင်တယ်တဲ့။
အဲဒါကို သတ္တာဝါသလို့ခေါ်တယ်။ သတ္တ၀ါတွေရဲ့ နေထိုင်ရာဘုံလို့ပြောတယ်။
ကိုးမျိုးဆိုတာ သဘာဝအားဖြင်.ခွဲခြားပြီးတော. ပြောတယ်။
ဆိုပါစို့ လူတွေဆိုတာ မွေးလာတဲ့စိတ်တွေလည်းကွဲပြားခြားနားကြတယ်၊
ရုပ်တွေလည်းကွဲပြားခြားနားကြတယ်။
လူတွေဟာ ရုပ်ခန္ဓာကြီးကလဲ အမျိုးမျိုး၊ စိတ်တွေကလည်းအမျိုးမျိုး၊ တိရစ္ဆာန်လောကလည်းကြည့်ဦး၊
ခွေးကတစ်မျိုး၊ ကြောင်ကတစ်မျိုး ၊ ကြက်ကတစ်မျိုး ကိုယ်ခန္ဓာတွေ ကွဲပြားခြားနားမှုတွေနဲ့ မတူညီကြဘူး။
အဲလိုမတူညီတဲ့ သတ္တ၀ါတွေရှိတဲ့ဘုံတွေကိုစုပြီးတော့ တစ်ခုယူတယ်။
ကိုးခုဆိုတာ သတ္တ၀ါတွေဖြစ်ရာ ဘုံကိုးမျိုးလို့ပြောလိုက်တယ်။
သတ္တ၀ါတွေဖြစ်ရာ ဘုံကိုးမျိုးဆိုတာ ရုပ်ခန္ဓာတို့ ၊ ပဋိသန္ဓေစိတ်၊ အမှတ်သညာတို့ ကွဲပြားခြားနားနဲ့
သတ္တ၀ါတွေတည်ရှိရာ ဘုံကတစ်မျိုး။ အဲဒါကိုပဲ လှည့်ပတ်ကြည့်လိုက်တဲ့အခါ
ရုပ်ခန္ဓာကွဲပြားပေမယ်လို့ ပဋိသန္ဓေစိတ် အမှတ်သညာချင်း တူတဲ့ သတ္တ၀ါတွေရဲ့ နေရာဋ္ဌာနက တစ်မျိုး။
နောက်ပဋိသန္ဓေသညာတူပြီးတော့ ရုပ်ခန္ဓာကွဲပြားတဲ့ သတ္တ၀ါတွေရဲ. ဘုံဋ္ဌာနကတစ်မျိုး။
ပဋိသန္ဓေလည်းတူတယ်၊ ရုပ်ခန္ဓာလည်းတူတယ်ဆိုတဲ. သတ္တ၀ါတွေရဲ. ဘုံဌာနက တစ်မျိုး။
ပါဠိစာပေနဲ့ပြောမယ်ဆိုရင် နာနတ္တကာယ၊ နာနတ္တသညီ ဒါက တစ်၊ နာနတ္တကာယ ဧကတ္တသညီ
ဒါက နှစ်၊ ဧကတ္တကာယ နာနတ္တသညီ ဒါက သုံး၊ နံပါတ်လေးကျတော. ဧကတ္တကာယ
ဧကတ္တသညီလို. ဒီလိုလေးမျိုးရတယ်။ နောက်တစ်ခါ
အမှတ်သညာကင်းမဲ့တဲ့သတ္တ၀ါဆိုတာ လောကမှာရှိသေးတယ်။
အဲဒါကို အသညသတ်ဘုံလို့ပြောတယ်။ အဲဒါက တစ်ဦး။
နောက်တစ်ခါ နာမ်ချည်းဖြစ်တဲ့ အရူပဘုံဆိုတာ တစ်မျိုး။
အားလုံးပေါင်းလိုက်တဲ့အခါ သတ္တာဝါသဘုံးကိုးဝလို့ ခေါ်တယ်။
သုံးဆယ့်တစ်ဘုံဆိုတာ ငြီးငွေ့စရာချည်းပဲ၊ မငြီးငွေ့လို. သုံးဆယ့်တစ်ဘုံထဲမှာ
ကျင်လည်နေမယ်ဆိုရင် ဒုက္ခတွေရောက်မှာပဲလို့ ငြီးငွေ့စေခြင်းငှာ ၉ ဂဏန်းကိုထုတ်တယ်။

၁၀။ ဆယ်ခုဆိုတာ ဘာလဲ

ငြီးငွေ့ပြီး တရားအားထုတ် တရားကျင့်ကြံလိုက်ရင် ရဟန္တာဖြစ်သွားမယ်။
အဲဒီရဟန္တာဖြစ်သွားမယ်ဆိုလို့ရှိရင် ရဟန္တာမှာရှိနိုင်တဲ့ အရည်အချင်းဟာ ဆယ်မျိုးရှိတယ်တဲ့။
အဲဒီဆယ်မျိုးကိုရည်ညွှန်းပြီးတော့ မြတ်စွာဘုရားက ၁၀ ဂဏန်းကိုသင်ပေးတယ်။
၁၀ခုဆိုတာ ဘာလဲဆိုတော. ရဟန္တာပုဂ္ဂိုလ်တွေဟာ အဂါင်္ ၁၀ ပါးနဲ.ပြည်.စုံတယ်။ တရားဓမ္မကို
မှန်မှန်ကန်ကန်နဲ့ကျင့်သုံးဆောက်တည်သွားတဲ့ ရဟန္တာပုဂ္ဂိုလ်တွေမှာ အ၈ါင်္ရပ်ဆယ်မျိုးရှိတယ်တဲ့။
ဘာတွေလဲဆိုတော့ မဂ္ဂင်ရှစ်ပါး ရယ် နောက်နှစ်ခုက သမ္မာဥာဏနဲ့ သမ္မာဝိမုတ္တိ။
________________________________________

(ပါမောက္ခချုပ်ဆရာတော် အရှင်နန္ဒမာလာဘိဝံသ ဟောကြားတော်မူသော
ရှင်ရာဟုလာ၏ဘဝ နှင့်မြတ်ဗုဒ္ဓ၏အဆုံးအမ တရားတော်မှ

No comments:

Post a Comment