ပထမရွှေကျင်ဆရတော်ဘုရားကြီး၏ဆုံးမစာများ
(၁) ရေကန်၌ မှော်ကိုဖယ်၍ သောက်ရေကိုခပ်ရ၏ ..။
(၂) မသူတော်၌ အပြစ်ကိုဖယ်၍ ဂုဏ်ကောင်းကိုရှာရသည်..။
(၃) တုံးတံတားကို လျှောက်စဉ် အရပ်တပါးကိုမကြည့်နဲ့ ချောက်သို့ကျလိမ့်မည် ..။
(၄) သံသရာတံတားကိုလျှောက်စဉ် သူတပါးအပြစ် ကိုမကြည့်နဲ့
သံသရာချောက်ကမ်းပါးကိုကျလိမ့်မည် ..။
(၅) ရိုသေစွာခစားလျှင် မင်းခစားပင် မင်းကိုနိုင်သည်..။
(၆) ကျင့်ဝတ်မချွတ်လျှင် တပည့်ပင် ဆရာကိုနိုင်သည်..။
(၇) မြင်းနိုင်လို ဇက်ကိုဆွဲ ၊ လှေကိုနိုင် လို တက်ကိုဆွဲ ၊ ဆရာကိုနိုင်လို ကျင့်ဝတ်မြဲ .
No comments:
Post a Comment