ရုပ် ၂၈ပါး
မဟာဘုတ် ၄ ပါး
နိပ္ဖန္နရုပ် ၁၈-ပါး
၁။မဟာဘုတ် ၄-ပါး
၁။ပထဝီ = ခက်မာခြင်း၊နူးညံ့ခြင်းသဘော။
၂။အာပေါ = ဖွဲ့စည်းခြင်း၊ယိုစီးခြင်းသဘော။
၃။တေဇော = ပူခြင်း၊အေးခြင်းသဘော။
၎။ဝါယော = ထောက်ကန်ခြင်း၊ တွန်းတင်လှုပ်ရှားခြင်းသဘောတို့ဖြစ်သည်။
၂။ပသာဒရုပ် ၅-ပါး
၁။စက္ခုပသာဒ = မျက်စိအကြည်ရုပ်။
၂။သောတပသာဒ = နားအကြည်ရုပ်။
၃။ဃာနပသာဒ = နှာခေါင်းအကြည်ရုပ်။
၎။ဇိဝှါပသာဒ = လျှာအကြည်ရုပ်။
၅။ကာယပသာဒ = ကိုယ်အကြည်ရုပ်တို့ဖြစ်သည်။
၃။ဂေါစရရုပ် ၇-ပါး
၁။ရူပါရုံ = အဆင်းအရောင်အမျိုးမျိုး။
၂။သဒ္ဒါရုံ = အသံအမျိုးမျိုး။
၃။ဂန္ဓာရုံ = အနံ့အမျိုးမျိုး။
၎။ရသာရုံ = အရသာအမျိုးမျိုး။
၅။ဖောဋ္ဌဗ္ဗာရုံ = အတွေ့အထိ အမျိုးမျိုး။
၆။ဖောဋ္ဌဗ္ဗာရုံ = ပထဝီ၊ တေဇော၊ ဝါယော
၇။ဖောဋ္ဌဗ္ဗာရုံ = ၃-ပါးတို့ဖြစ်သည်။
(မှတ်ချက်=ပထဝီ၊တေဇော၊ဝါယော ၃-ပါးသည် မဟာဘုတ် ၄-ပါးတွင် ပါဝင်ပြီး
ဖြစ်၍ နပ္ဖန္နရုပ် ၁၈-ပါးကို ရေတွက်ရာ၌ ဂေါစရရုပ်ကို ရူပါရုံမှ ရသာရုံထိ ၄-ပါးသာ
ရေတွက်ရသည်။
၎။ဘာဝရုပ် ၂-ပါး
၁။ဣတ္ထိဘာဝရုပ် = အမ သဘာဝကိုဖြစ်စေသောရုပ်။
၂။ပုမ္ဘာဝရုပ် = အဖို သဘာဝကို ဖြစ်စေသောရုပ်တို့ဖြစ်သည်။
၅။ဟဒယရုပ် ၁-ပါး
၁။ဟဒယဝတ္ထု = စိတ်၏မှီရာနှလုံးအကြည်ရုပ်။
၆။ဇီဝိတရုပ် ၁-ပါး
၁။ရုပ်ဇီဝိတိနြေ္ဒ = ကံကြောင့်ဖြစ်သောရုပ်တို့ကို အသက်ရှင်အောင် စောင့်ရှောက်ခြင်း
သဘော(ရုပ်သက်)
၇။အဟာရရုပ် ၁-ပါး
၁။ကဗဠီကာရ အာဟာရ = စားသောက်ဖွယ်၌ပါသောအနှစ် အစေး သြဇာရုပ်။ဖော်ပြပါ
ရုပ် ၁၈-ပါးတို့ကို ကံ စိတ် ဥတု အဟာရတို့ကြောင့် ဖြစ်ပေါ်သောရုပ်များ
ဖြစ်၍ နိပ္ဖန္န ရုပ်ဟုခေါ်သည်။
အနိပ္ဖန္နရုပ် ၁၀-ပါး
၁။ပရိစ္ဆေဒရုပ် ၁-ပါး
၁။ပရိစ္ဆေဒရုပ် = အာကာသဓာတ် = ရုပ်ကလာပ်တို့ကိုပိုင်းခြားပေးသောရုပ်။
၂။ဝိညတ်ရုပ် ၂-ပါး
၁။ကာယဝိညတ် = မိမိ၏ဆန္ဒကို သူတစ်ပါးတို့အား သိစေတတ်သော ကိုယ်အမူအရာ။
၂။ဝစီဝိညတ် = မိမိ၏ဆန္ဒကို သူတစ်ပါးတို့အား သိစေတတ်သော နှုတ်အမူအရာ
တို့ဖြစ်သည်။
၃။ဝိကာရရုပ် ၅-ပါး
၁။လဟုတာ = ရုပ်တို့၏ပေါ့ပါးခြင်းသဘော။
၂။မုဒုတာ = ရုပ်တို့၏ နူးညံ့ခြင်းသဘော။
၃။ကမ္မညတာ = ရုပ်တို့၏ ခံ့ကျန်းခြင်းသဘော။
၎-၅။ဝိညတ်ရုပ် ၂-ပါး တို့ဖြစ်သည်။
မှတ်ချက်=ဝိညတ်ရုပ် ၂-ပါးမှာ ကာယဝိညတ် ဝစီဝိညတ်အဖြစ် သီးခြားပါပြီးဖြစ်သည်။
၎။လက္ခဏာရုပ် ၄-ပါး
၁။ဥပစယ = ရုပ်တို့၏ အစဖြစ်ခြင်းသဘော။
၂။သန္တတိ = ရုပ်တို့၏ အစဉ်မပြတ် ဖြစ်ခြင်းသဘော။
၃။ဇရတာ = ရုပ်တို့၏ ရင့်ရော်ခြင်းသဘော။
၎။အနိစ္စတာ = ရုပ်တို့၏ ပျက်စီးခြင်း သဘောတို့ဖြစ်ကြသည်။
ဖော်ပြပါရုပ် ၁၀-ပါးကို အနိပ္ဖန္နရုပ်ဟုခေါ်သည်။အနိပ္ဖန္နရုပ် ၁၈-ပါး၊ အနိပ္ဖန္နရုပ် ၁၀-ပါး
ပေါင်းရုပ် ၂၈-ပါးဖြစ်သည်။ထိုရုပ် ၂၈-ပါးတွင် မဟုဘုတ် ၄-ပါးမှတပါး ကျန် ၂၄-ပါး
သောရုပ်တို့သည် မဟာဘုတ် ၄-ပါးကို မှီ၍သာ ဖြစ်သောကြောင့် အမှီရုပ်(ဥပါဒါရုပ်)
ဟုခေါ်သည်။
ရုပ် နာမ် သဘောအဓိပ္ပါယ်
နာမ်၏သဘောအဓိပ္ပါယ်
နာမ်မည်သော တရားများမှာ စိတ်၊စေတသိက်နှင့် နိဗ္ဗာန်တို့ဖြစ်ကြ၏။ထိုတရားများတွင်
စိတ်နှင့်စေတသိက်တို့သည် အာရုံသို့ညွှတ်တတ်၍ အာရုံကိုယူတတ်သိတတ်သောကြောင့်
နာမည်ကြ၏။နိဗ္ဗာန်မှာမူ အာရုံပြုတတ်သော တရားတို့ကို မိမိသို့ ညွတ်စေတတ်သောကြောင့်
နာမ် မည်၏။
ရုပ်၏သဘောအဓိပ္ပါယ်
အအေးအပူစသော ဆန့်ကျင်ဘက်အကြောင်းတို့ကြောင့်ပြောင်းလဲဖောက်ပြန်သည့် သဘော
များကိုရုပ်ဟုခေါ်သည်။
ဖောက်ပြန်သည်ဆိုရာမှာ ရှေ့ရုပ်အစဉ်နှင့် မတူသောနောက်ရုပ်အစဉ်တစ်မျိုးဖြစ်ပေး ပြောင်းလဲ
သွားခြင်းဖြစ်သည်။
ထိုရုပ်များမှာ ဖော်ပြခဲ့သည့်အတိုင်း ၂၈-ပါးရှိသည်။
ရုပ် ၂၈ ပါးကိုဝေဖန်ခြင်း
ရူပဝိဘာဂ
*ရုပ်၂၈ပါးတို့သည် အလောဘအစရှိသော သမ္မယုတ်ဟိတ်မရှိသည်၏အဖြစ်ကြောင်း
အဟေတုကလည်းမည်၏။
*ရုပ်၂၈ပါးတို့သည် ကံ စိတ် ဥတု အဟာရ တည်းဟူသော အကြောင်းတရားလေးပါးတို့နှင့်
တကွဖြစ်သောကြောင်း သပ္ပစ္စယလည်းမည်၏
*ရုပ်၂၈ပါးတို့သည် အာသဝေါတရားလေးပါးတို့၏အာရုံဖြစ်သောကြောင်း သာသဝလည်းမည်၏။
*ရုပ်၂၈ပါးတို့သည် ကံ စိတ် ဥတု အဟာရတည်းဟူသော
အကြောင်းတရားလေးပါးတို့ ပေါင်း၍ ပြုပြင်အပ်သောကြောင်း သင်္ခတမည်၏။
*ရုပ်၂၈ပါးတို့သည် ဥပါဒါန်၏
သင်္ခါရလောက၌အကျုံးဝင်သည်၏အဖြစ်ကြောင်း လောကီယလည်းမညမ၏။
*ရုပ်၂၈ပါးတို့သည် ကာမတဏှာ၏ကျင်လည်ရာဖြစ်သောကြောင်း ကာမာဝစရလည်းမည်၏။
*ရုပ်၂၈ပါးတို့သည် အာရုံကိုမယူတတ်သည်၏အဖြစ်ကြောင်း အနာရမ္မဏလည်းမည်၏။
*ရုပ်၂၈ပါးတို့သည် တဒင်္ဂပဟာန် ဝိက္ခမ္ဘနပဟာန် သမုစ္ဆေဒပဟာန် တို့၏ အစွမ်းအားဖြင့်
မပယ်အပ်သည်၏အဖြစ်ကြောင်း အပ္ပဟာတဗ္ဗလည်းမည်၏။
*ပသာဒရုပ်၅ပါးသည် အဇ္ဈတ္တိကရုပ်မည်၏ ကြွင်းသောရုပ်၂၅ပါးသည် ဗာဟိရုပ်မည်၏။
*ပသာဒရုပ၅ပါး ဟဒယရုပ်၁ပါးသည် ဝတ္ထုရုပ်မည်၏ ကြွင်းသောရုပ် ၂၂ပါးသည်
အဝတ္ထုမည်၏။
*ပသာဒရုပ်၅ပါး ဝိညတ်ရုပ် ၂ပါးသည် ဒွါရရုပ်မည်၏ ကြွင်းသောရုပ်၂၁ပါးသည်
အဒွါရုပ်မည်၏။
*ပသာဒရုပ်၅ပါး ဘာဝရုပ်၂ပါး ဇိဝိတရုပ်၁ပါး သည်ဣန္ဒြိယရုပ်မည်၏ ကြွင်းသောရုပ်၂၀သည်
အနိန္ဒြိယရုပ်မည်၏
*ပသာဒရုပ်၅ပါး ဝိသယရုပ်၇ပါး တို့သည် သြဠာရိကရုပ်လည်းမည်၏
သန္တိကေရုပ်လည်းမည်၏ သပ္ပဋိကရုပ်လည်းမည်၏ ကြွင်းသော ၁၆ပါးသောရုပ်သည် သုခုမရုပ်
ဒူရေရုပ် အပ္ပဋိကရုပ်တို့မည်၏။
*ကမ္မဇ၁၈ပါးသည် ဥပါဒိန္နရုပ်မည်၏ ထိုမှတစ်ပါးသော တိဇရုပ်သည် မနုပါဒိန္နရုပ်မည်၏။
*ရူပါယတနိသည် သနဒဿ နရုပ်မည်၏ ထိုမှကြွင်းသော၂၇ပါးသောရုပ်သည် အနိဒဿ
နရုပ်မည်၏
*ပသာဒရုပ်၅ပါးသည် ဂေါစရဂ္ဂါဟိကရုပ် ကြွင်းသောရုပ် ၂၃ပါးသည် အဂေါစရဂ္ဂါဟိကရုပ်မည်၏
*မဟာဘုတ်၎ပါး ဝဏ္ဏ ဂန္ဒ ရသ သြဇါ တည်းဟူသော ၈ပါးသောရုပ်သည် အဝိနိဘောဂရုပ်မည်၏
ကြွင်းသော၂၀သောရုပ်သည် ဝိနိဘောဂရုပ်မည်၏။
Thursday, October 15, 2015
Subscribe to:
Post Comments (Atom)
No comments:
Post a Comment